Wednesday, May 25, 2016

Galaxy S3 GT-I9300 ဖုန်းအတွက် ဗားရှင်း CM13 Official Nightly ဖြင့် Android 6.0.1 Marshmallow တင်နည်း

 
Galaxy S3 GT-I9300 ဖုန်းအတွက် ဗားရှင်း CM13 Official Nightly ဖြင့် 
Android 6.0.1 Marshmallow တင်နည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Stock Rom လေးကို မကြိုက်တော့လို့ Custom Rom ကိုတင်သုံးချင်တဲ့
Cusotm Rom ချစ်သူများအတွက် Galaxy S3 GT-I9300 ဖုန်းကို Android 6.0.1 Marshmallow 
တင်နည်းကို Tutorial Guide နဲ့ ဒေါင်းလော့လင့်များကို အဆင်ပြေအောင် တင်ပေးထားပါတယ်။

ဒီဖုန်းအတွက် Marshmallow က Custom Rom ဖြစ်တဲ့အတွက်
မိမိဖုန်းတွင် Root ဖောက်ထားပြီးသား Custom Recovery တစ်ခုခု
ထည့်သွင်းထားပြီး ဖြစ်နေမှ အလွယ်တကူ Flash တစ်ခုပြုလုပ်ယူနိုင်တယ်။
လိုအပ်ချက်များ
=========
၁။ သင့်ဖုန်းမှာ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။
၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။
ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။
Android 6.0 1 Marshmallow Rom တင်နည်း
============================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။
၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ
၃။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Home + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၎။ Marshmallow 6.0.1 zip နဲ့ Google Apps များကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။
၅။ CWM recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။
၆။ CWM recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Marshmallow 6.0.1 zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊
၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၈။ ပြီးသွားတဲ့အခါ Googleapps.zip ဖိုင်ကိုလည်း နည်းတူ Flash ထပ်ပေးပါ။
၉။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။
၁၀။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Galaxy S3 GT-I9300 ဖုန်းမှာ
 Android 6.0.1 Marshmallow Rom လေးနေပါလိမ့်မယ်။

No comments:

Post a Comment