Saturday, April 23, 2016

Samsung Galaxy Note 3 SM N900/9005/900T/900P/900W8 များကို TWRP Recovery ထည့်သွင်းနည်း

Galaxy Note 3 ဖုန်းအတွက် အောက်ပါ Model များကို
 TWRP recovery ထည့်သွင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ 
[SM N900/9005/900T/900P/900W]
Samsung ဆိုတော့ ပုံမှန်အတိုင်း Odin ကနေ Flash ပေးပြီး
အလွယ်တကူ ထည့်သွင်းယူရမှာပဲဖြစ်ပါတယ်။

Root လုပ်တာပဲဖြစ်ဖြစ် Custom Rom များကိုပဲတင်ယူလိုတာပဲဖြစ်ဖြစ်
သင့်ဖုန်းမှာ TWRP Recovery ကိုတော့ထည့်သွင်းထားပေးရမှာဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
ယခုဖေါ်ပြပါနည်းလမ်းသည် Galaxy Note 3 ဖုန်းအတွက် 
Model SM N900/9005/900T/900P/900W8 များအတွက်သာဖြစ်ပါတယ်။
အနည်းဆုံး Battery charg ဟာ 60% ရှိနေရပါမည်။
မိမိဖုန်းအတွက် အရေးကြီးမယ့် Contacts, Call Logs & Messages စသည်များကို
Backup ပြုလုပ်ထားလိုက်ပါ၊ အမှားတစ်ခုခုဖြစ်ခဲ့ရင် ပြန်လည် Restore ပြုလုပ်ယူနိုင်ပါတယ်။
ဖုန်းမှ Anti Virus and Firewall များကို ပိတ်ထားပြီး 
OEM & USB debugging mode များကို Enable ပြုလုပ်ထားပါ။
ဖေါ်ပြပါ TWRP Recovery များသည် Galaxy Note 3 ဖုန်းအတွက်
ဗားရှင်း အားလုံးမှာ အလုပ်လုပ်ပါမည်၊ Android version များအတွက်
အထူးတလည်စိတ်ပူပင်စရာမလိုပါ။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
TWRP Recovery for Your Device
====================




TWRP Recovery ထည့်သွင်းနည်း
=====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ 
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။

No comments:

Post a Comment